
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ထိုင်ဝမ်ရှိဘဏ်များမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ အလှူငွေပေး အပ်ခြင်း အခမ်းအနားအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ဦးစီးဌာန ရုံးချုပ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ထိုင်ဝမ် စီးပွားရေးနှင့် ယဉ်ကျေးမှုဌာနမှ ညွှန်ကြားရေးမှူးနှင့် ထိုင်ဝမ်ဘဏ် (၁၂) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ The Latest Investment Policy Framework and Future Way Forward of DICA အား ရှင်းလင်းပြောကြားခဲ့ပြီး ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်၍ လှူဒါန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

