
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် လုပ်ငန်းစဉ်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ADB၊ DaNa Facility ၊ DFID၊ GIZ၊ JICA ၊ IFC နှင့် USAID တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။