
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အား Zenith Power Co., Ltd. မှ Chief Executive Officer ဦးသစ်လွင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အားကဏ္ဍ၏ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များ၊ နိုင်ငံတော်၏ ပထဝီ အနေအထားအလိုက် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးခြင်းဆိုင်ရာ အခြေအနေများ၊ အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလား အလာများနှင့်စပ်လျဉ်း၍ လာရောက်ဂါရဝပြု တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။