
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အာဆီယံ-ဂျပန်စင်တာနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ Food Value Chain Forum ကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ၏အသင်း(MRCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ-ဂျပန် စင်တာမှ ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူးနှင့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ (၄၆) ဦး အပါအဝင် စုစုပေါင်း (၁၃၇) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဒေါက်တာစိုးသန်းနှင့် MRCCI ဒုတိယဥက္ကဌတို့မှ အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံနှင့် မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပါသည်။