မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများနှင့် ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစာရင်းအတွက် STAKEHOLDER များနှင့်ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နှင့် International Finance Cooperation(IFC) တို့ ကြီးမှူး၍ Australian Aid၊ UK Aid နှင့် ဂျပန်နိုင်ငံအစိုးရတို့ပူးပေါင်းမှုဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများနှင့် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစာရင်းအတွက် Stakeholder များနှင့်ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေး ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ မနက် ၉း၃၀ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ International Finance Cooperation (IFC) မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁၁၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ကမ္ဘာ့ဘဏ်အုပ်စုမှ Mr. Charles Patrick Schneider တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားကြပြီး ကမ္ဘာ့ဘဏ် အုပ်စုမှ Legal Consultants ဖြစ်သူ Mr. Sufian Jusoh နှင့် Mr. Chris Hughes က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေပါအကြောင်းအရာနှင့် ကန့်သတ်သည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများစာရင်းအား ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။