
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရှမ်းပြည်အစိုးရအဖွဲ့နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်ဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့၏အကူအညီဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်ဆောင်ရွက်ရေး အေဂျင်စီနှင့် ရှမ်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ Shan State Investment Fair ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ Royal Taunggyi Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးအား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခွင့်အလမ်း အသစ်များရရှိစေပြီး ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရန်နှင့် ရှမ်းပြည်နယ် အတွင်းရှိ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
အဆိုပါ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်း ဝင်း၊ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန် ရှိသူများ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ရှမ်းပြည်နယ်မှ စီးပွားရေးလုပ် ငန်းရှင်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီနှင့် ဂျပန်နိုင်ငံခြား ကုန်သွယ်မှု အဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာဈေးကွက် သုတေသနနှင့်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် (MMRD) တို့မှ ကိုယ်စားလှယ်များ အသီးသီး တက် ရောက်ကြပါသည်။