
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အထောက်အကူဖြစ်စေရန် အတွက် အီတလီနိုင်ငံ၊ ရောမမြို့တွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် “ Country Presentation” ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရောမမြို့ရှိ Ministry of Foreign Affairs and International Cooperation ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါညီလာခံတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် Under Secretary of State for Foreign Affairs and International, Mr. Benedetto Della Vedova မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် Parami Energy မှ CEO ဦးကံထွန်းတို့သည် မြန်မာနိုင်ငံစီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ပါဝင်ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် များနှင့် အီတလီနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်

