မိုးတစ် စူပါရက်(ဒ်) ကုမ္ပဏီ လီမိတက် သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မော်တော်ဆိုင်ကယ်မီးကွိုင်ထုပ် နှင့်ဆက်စပ်သော အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော မိုးတစ် စူပါရက်(ဒ်) ကုမ္ပဏီ လီမိတက် သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။