
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) သည် Coronavirus disease (COVID-19) ကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုများအနေဖြင့် အမှတ် (၁) ၊ သစ္စာလမ်း၊ ရန်ကင်း မြို့နယ်၊ ရန်ကုန်မြို့ရှိ ရုံးချုပ်သို့ လာရောက်သည့် ဧည့်သည်များအား Mask တပ်ဆင်၍ ဝင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့်တိုင်းတာခြင်းနှင့် လက်သန့်ဆေးရည် အသုံးပြုစေခြင်းများကို ရုံး အဝင်ပေါက်တွင် စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
ရုံးပတ်ဝန်းကျင်၌ ခြင်နှင့် ပိုးမွှားအန္တရာယ် ကင်းဝေးစေရန် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေ့ နေ့တိုင်းတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ ရုံးချုပ်ရှိ ဌာနခွဲတိုင်းတွင် ဝန်ထမ်းများအတွက် လက်သန့် ဆေးရည်များထားရှိ အသုံးပြုစေခြင်းများကိုလည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။





