
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

United States Department of Agriculture (USDA) မှ Agricultural Attache’ ဖြစ်သူ Mr. Rey Santella နှင့် Agricultural Specialist ဖြစ်သူ Ms. Swe Mon Aung၊ Cargill Company Limited မှ Vice President ဖြစ်သူ Mr. Bruce W.Blakeman နှင့် Manager ဖြစ်သူ Mr.Pitra Narendra နှင့် ADM Myanmar Company Limited မှ Chief Representative ဖြစ်သူ Wai Maung Maung Tin (Raymund) တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၂၉-၁၁-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။