
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏အကူအညီဖြင့် “Approaches to Resolving Investor-State Disputes and Grievances: The Role of International Centre for Settlement of Investment Disputes (ICSID) “ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်းများ နှင့် World Bank Group နှင့် ICSID တို့မှ ကျွမ်းကျင်သူများ အပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဌ ဒေါက်တာသန်းမြင့်နှင့် World Bank Group မှ Senior Private Sector Specialist, Mr. Charles Schneider တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး World Bank Group နှင့် ICSID တို့မှ ကျွမ်းကျင်သူများက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြခဲ့ကြကာ အလုပ်ရုံ ဆွေးနွေးပွဲအား မွန်းလွဲ (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

