
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) တို့ ပူးပေါင်း၍ Stakeholder Collaboration Training ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ အသေးစားနှင့် အလတ်စားဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စက်မှုဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။
သင်တန်းရည်ရွယ်ချက်မှာ အစိုးရအရာထမ်းများအနေဖြင့် ဆွေးနွေးဖက်များ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် မဟာဗျူဟာမြောက် စွမ်းရည်များတိုးတက်စေရန်နှင့် ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အသေးစားနှင့်အလတ်စားဖွံ့ဖြိုးတိုးတက်ရေးဌာနတို့မှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။
