
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် စကျင်ကျောက်ပြား၊ စကျင် ကျောက်မှုန့်နှင့်ပွတ်လုံးထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိသော မန္တလေး တိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ Pacific Bold Paragon Group Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် စီးပွားဖြစ်စတင်သည့်နေ့အား သတ်မှတ်ပေးပါရန်နှင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၇ရက် နေ့တွင် သွားရောက်ပြီး ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
