“ OCEAN TIGER COMPANY LIMITED” သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် စစ်တွေမြို့နယ်၊ ရခိုင် ပြည်နယ်တွင် ပင်လယ်စာပြုပြင် ထုတ်လုပ်ခြင်းနှင့် ရေခဲရိုက်ခြင်းလုပ်ငန်း ဆော‌င်ရွက်လျက် ရှိသည့် “ Ocean Tiger Company Limited” သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ သည် ၂၀၂၀ ပြည့်နှစ် ​မတ်လ ၁၇ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်။