CORONAVIRUS DISEASE 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

Print Friendly, PDF & Email

(ရန်ကုန်၊ မတ်လ ၁၄ )

“Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ”၏ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီး ဌာနရန်ကုန် (ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဉီးသောင်းထွန်းဉီးဆောင်၍  ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းနှင့်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဉီးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဉီးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဉက္ကဋ္ဌဉီးကျော်ကျော်မောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဉီးစိုးမင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးတင်လတ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဉီးဝင်းခန့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမင်းမင်း၊ လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးနှင့်အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဉက္ကဋ္ဌက COVID-19 ကြောင့် တိုင်းပြည်၏ စီးပွားရေးအပေါ်ဆိုးကျိုးသက်ရောက်စေနိုင်သည့်အခြေအနေများကိုကုစားရန်အတွက် ကော်မတီအားဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်းအလေးအနက်ထား၍ ပြောကြားခဲ့ပါသည်။ ထို့နောက် COVID-19ပြဿနာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအားရေတို၊ ရေရှည်စီမံကိန်း များချမှတ်၍တုံ့ပြန်ရန် နည်းလမ်းများကိုအစည်းအဝေးတက်ရောက်လာသူများကအသေးစိတ် ဆွေးနွေးခဲ့ကြ ပါသည်။ထို့အပြင်အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်း၍ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်းတက်ရောက် လာသူများကညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။