POINT OF SALE (POS MACHINE) စနစ်ဖြင့် CARD အသုံးပြုပြီး အခကြေး ငွေပေးသွင်းမှုများ ကိုလက်ခံတော့မည်မဟုတ်ကြောင်း အသိပေးကြေညာခြင်း

Print Friendly, PDF & Email

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ Myanmar Companies Online (MyCO)စနစ်အား Online သီးသန့်ဆောင်ရွက်လိုပါသဖြင့် အခကြေးငွေပေးသွင်းမှုများကိုCredit Card, Visa Card, Master Card နှင့် E-Commerce ဖွင့်ထားသော MPU Card များအသုံးပြု၍ Online Payment ဖြင့်သာ ငွေပေးသွင်းရမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၅) ရက်နေ့ တွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် E-commerce ဖွင့်ထားခြင်းမရှိသော customer များ အဆင်ပြေချောမွေ့စေရန် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)နှင့် နယ်ရုံးခွဲများတွင်Point of Sale (POS Machine) စနစ်ဖြင့် card အသုံးပြုပြီး အခကြေးငွေပေးသွင်းမှုများကိုလက်ခံဆောင်ရွက်ပေးလျှက်ရှိပါသည်။

၂။       ယခုအခါ MyCOစနစ်တွင် အခကြေးငွေပေးသွင်းမှုများကို Fully online စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်လိုပါသဖြင့် MPU Card များအား E-Commerce ဖွင့်ထားရန် နှင့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)နှင့် နယ်ရုံးခွဲများတွင် POSစနစ် ဖြင့် card ဖြတ် အခကြေးငွေပေးသွင်းမှုများကို ၂၀၂၀ ပြည့်နှစ် ဇွန်လ (၁)ရက်နေ့မှစ၍ လက်ခံ တော့မည်မဟုတ်ကြောင်း ကြိုတင်အသိပေးကြေညာအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန