ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၃/၂၀၂၀) ကျင်းပခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၀)ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်နေ့ တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြပါသည်။

          အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း ၊ ကြိတ်ခွဲ ရောင်းချခြင်း အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့်အထည်ချုပ်လုပ်ခြင်း လုပ်ငန်းတို့ကို အတည်ပြုပေးခဲ့ပါသည်။

            အထက်ပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြန်မာကျပ်ငွေ (၁၁၇၉၅.၇၅၇) သန်းရှိပြီး၊  ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၀၃၇)ဦး ဖန်တီး ပေးနိုင်မည်ဖြစ်ပါသည်။