
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါအစည်းအဝေး၌ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ရေး လုပ်ထုံး လုပ်နည်းများအား ဆွေးနွေးခဲ့ပြီး အစည်းအဝေးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ စက်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၅,၈၀၀.၀၀၀ သန်းဖြင့် ရာခိုင်နှုန်းပြည့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအား အတည်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း(၁၀၁)နေရာ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
