
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခက်အောင် အပါအဝင် ကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် “ဖော့အိတ်ဖော့ပြားထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း” နှင့် “နိုင်ငံတကာ အရည်အသွေးမီ တစ်သျှူး ငှက်ပျော စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ ဖြန့်ဖြူးခြင်းလုပ်ငန်း” တို့အပြင် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ သည့် အစီရင်ခံစာများ၊ ရင်းနှီးမြှုပ်နှံသူမှ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။