
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၁၆)တွင် ခွင့်ပြုပေးခဲ့ သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ဥပဒေတို့အရ ခွင့်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက် အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်း ထုတ်ပြန်ချက်နှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒအား ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု မူဝါဒသည် နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒ (၁၂)ရပ်ကို အထောက်အကူ ပြုစေရေး ရည်ရွယ်ရေး ဆွဲထားခြင်း ဖြစ်ပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ (၂၂) ခုမှ သတင်းထောက် (၂၃) ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။
