
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေရေးဆွဲရေး ကိစ္စနှင့်စပ်လျဉ်းသည့် ဝန်ကြီးဌာနများ နှင့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ : ၃၀ နာရီတွင် ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ထုတ်ပြန်ရန်လိုအပ်သည့် စီးပွားရေးလုပ်ငန်းအမျိုးအစားများ သတ်မှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ စီးပွားရေးလုပ်ငန်း အမျိုးအစားများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါ သည်။
အစည်းအဝေးသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
