
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် Organization for Economic Co-operation and Development (OECD)တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒပြန်လည်ဆန်းစစ်ရေးအတွက် OECD-Myanmar Task Force အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
OECD Investment Policy Review of Myanmarကို ဒုတိယအကြိမ် ပြန်လည်သုံးသပ်နိုင်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများနှင့်မြေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အခြေအနေများစသည်တို့ကို ဆွေးနွေးရန်ရည်ရွယ်၍ကျင်းပ ခြင်းဖြစ်ပါသည်။
OECD-Myanmar Task Force အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် OECD မှ ရင်းနှီးမြှုပ်နှံမှု မူဝါဒပြန်လည်ဆန်းစစ်ခြင်း၏ ခေါင်းဆောင်ဖြစ်သူ Mr. Stephen Thomsen က “Taking Stock of Investment Reforms” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Ms. Iris Mantovani က “FDI Qualities: Examining the Impact of FDI” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Ms. Tihana Blue က “Responsible Business Conduct” ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပြီး Task Force အဖွဲ့ဝင်များမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အချိန်ကာလတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အသေးစားအလတ်စားစီးပွားရေးလုပ်ငန်း များအကြား ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများနှင့် မြေဆိုင်ရာပြုပြင် ပြောင်းလဲမှုအခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးများသို့ OECD မှ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၃) ဦးခန့် တက်ရောက်ခဲ့ကြပါသည်
