
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Country Program in Myanmar) (၂၀၁၃-၂၀၁၇) အရ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်-ကုလသမဂ္ဂ ဆင်းရဲနွမ်းပါးမှု ပတ်ဝန်းကျင်ကနဦးအစီအစဉ် (UNDP-UNEP PEI) ၏ ပံ့ပိုးကူညီမှုဖြင့် Investment & Trade Research အလုပ်ရုံဆွေးနွေးပွဲအား ၈-၁၁-၂၀၁၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ် စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား ၁၀-၁၁-၂၀၁၆ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။