
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ် ရင်းနှီမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း လမ်းပြမြေပုံရေးဆွဲနိုင်ရေး အကြိုလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ အကြံပေးဖြစ်သူ Mr. Le Duy Binh မှ ရှမ်းပြည်နယ် ရင်းနှီမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း လမ်းပြမြေပုံစပ်လျဉ်း၍ အသေးစိတ် အစီအစဉ် များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများနှင့် Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) မှ ကိုယ်စားလှယ်များသည် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
