ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူး ဦးအေးလွင် နှင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်း တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော အတည်ပြုမိန့်ပြင်ဆင်ချက် အပေါ် အတည်ပြုဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကယားပြည်နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။