BIODIVERSITY AND INVESTMENT ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် Myanmar Center for Responsible Business တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် Biodiversity and Investment ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် Myanmar Center for Responsible Business မှ ဒါရိုက်တာဖြစ်သူ Mrs. Vicky Bowman မှ “Introduction- Biodiversity Human Rights and Business in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Asian Research Institute for Environmental Law မှ ဒါရိုက်တာဖြစ်သူ Mr. Matthew Baird မှ “Legal Requirements, Biodiversity and Business” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး Case Study ကို အုပ်စုများခွဲ၍ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အရာထမ်းနှင့်အမှုထမ်းများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။