
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ (၂၃)နှစ်မြောက်ဌာန နှစ်ပတ် လည်နေ့အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဖူစန် တရုတ်ဘုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ ဌာနမှ အငြိမ်းစားယူသွားကြသည့် ဝန်ထမ်းဟောင်းများ နိုင်ငံခြားအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၉၀၀ ကျော် တက်ရောက် ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ထမ်းများ၏ သားသမီးများအား လက်ဆောင်ပစ္စည်းများ ပေးအပ် ခြင်းနှင့် ထူးချွန်ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအစီအစဉ်များအား ပြုလုပ်ခဲ့ကြ ပါသည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ၊ Lucky draw အစီအစဉ်များဖြင့် ဌာနနှစ်ပတ်လည်နေ့အား ဝန်ထမ်းမိသားစုများမှ ပျော်ရွှင်စွာဆင်နွဲခဲ့ကြပါသည်။


















