
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Zhai Dongsheng ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့၌ ရန်ကုန်မြို့တွင် တွေ့ဆုံပြီး ရပ်ဝန်းနှင့် လမ်းကြောင်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာ၌ ဒေသခံများ၊ အလုပ်သမားဝန်ထမ်းများနှင့် ပိုမိုအဆင်ပြေ၍ အောင်မြင်နိုင်စေမည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
Mr. Zhai Dongsheng ဦးဆောင်သည့်အဖွဲ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပါဝင်ပြီး တရုတ်သံအမတ်ကြီးနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်နေသည့် တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟုလည်း သိရှိရပါသည်။
