
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် အာဆီယံ-ကိုရီးယားစင်တာ (AKC) တို့ပူးပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့ဝင်(၈)ဦး ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကိုရီးယား သမ္မတ နိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင် ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားရောက်လျက်ရှိပါသည်။ ခရီးစဉ်ဒုတိယနေ့အဖြစ် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Dongtan New City နှင့် Aju Corporation တို့သို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သွားရောက် လေ့လာခဲ့ပါသည်။
