
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ တို့အကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ် ပေးခြင်းဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် စတုတ္ထအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ပထမနေ့ အဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၂:၀၀ နာရီတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ European Union မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း (၁၆) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲအား၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲမှ ဆွေးနွေး ရန် ကျန်ရှိနေသည့် ပြဌာန်းချက်များနှင့် ဥရောပသမဂ္ဂဘက်မှ ထပ်မံအဆိုပြုလာသည့် ပြဌာန်းချက် များအား ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။