
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ပြပွဲနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ညွှန်ကြား ရေးမှူး ဒေါက်တာမာလာမျိုးညွန့်မှ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ပြပွဲ နှင့်စပ်လျဉ်း၍ အသေးစိတ် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် New Star Light Construction Co., Ltd. တို့မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ တက်ရောက်ခဲ့ပါသည်။
