
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ် ပေးခြင်းဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ တရားရုံးစနစ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် Mr. Carlo Pettinato ၊ Acting Head of Unit, Investment Unit, DG Trade တို့မှ အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် Dispute Settlement and Legal Aspects of Trade Policy Unit, DG Trade မှ Legal officer ဖြစ်သူ Ms. Magdalena Ciesielska မှ ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ တရားရုံးစနစ် တည်ထောင်အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များမှ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တို့မှ ကိုယ်စားလှယ်များနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ ဥရောပသမဂ္ဂဘက်မှ ကိုယ်စား လှယ်များ စုစုပေါင်း (၂၃) ဦးခန့် တက်ရောက်ခဲ့ပါသည်။
