
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အသစ်ခန့်အပ်လိုက်သော ဝန်ထမ်းများနှင့် ဌာနကူးပြောင်း ရောက်ရှိလာသော ဝန်ထမ်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် စပ်လျဉ်းသော ဥပဒေနှင့် နည်း ဥပဒေများ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ပြီး ထိရောက် ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် လက်တွေ့ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းစဉ်များအား အကျွမ်းတဝင် သိရှိစေရန်ရည်ရွယ်၍ ရက်သတ္တပတ်(၆)ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ထို့နောက်သင်တန်းတွင် ပထမဆုရရှိသည့် ဒေါ်မေသက်ခိုင် (ဒုတိယဦးစီးမှူး၊ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးဌာနခွဲ)၊ဒုတိယဆုရရှိသည့် ဒေါ်ယဉ်သူဇာနွယ် (ဒုတိယဦးစီးမှူး၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံး)၊ တတိယဆုရရှိသည့် ဒေါ်စိုးဝေဝေ (ဒုတိယ ဦးစီးမှူး၊ မူဝါဒနှင့် ဥပဒေဌာနခွဲ) တို့အား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီးအား စီမံရေးနှင့်ငွေစာရင်း ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးမှ လည်းကောင်း၊ သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းသား သင်တန်းသူများအားလုံး ကိုယ်စား သင်တန်းသား (၁)ဦးနှင့် သင်တန်းသူ (၁)ဦးတို့အား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်သူဇာရွှေမှ လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများအားလုံး ကိုယ်စား ပထမဆုရရှိသည့် ဒေါ်မေသက်ခိုင် (ဒုတိယဦးစီးမှူး)မှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်း အနားကို ပိတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ (၈၆)ဦး စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပါသည်။


