
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

Mr. Nicolas Delange, Managing Partner of Yever မှ non-financial reporting ကိစ္စရပ် များနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနှင့် မူဘောင် အရေးပါပုံတို့ကို တင်ပြဆွေးနွေးခြင်း အခမ်းအနားအား ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ပြုလုပ်ခဲ့ပါ သည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဖြင့် ဆောင်ရွက်မည့် နိုင်ငံခြား ကုမ္ပဏီများ၏ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေး အကဲဖြတ်နိုင်ရန် လုပ်ငန်းစဉ် အကောင်ထည်ဖော်သွားရန် ဖြစ်ပါသည်။အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်သည့် ဦးသန့်စင်လွင်၊ ဒေါက်တာမာလာမျိုးညွန့်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။