MASKS, PERSONAL PROTECTIVE EQUIPMENT များ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစည်းအဝေးကို VIRTUAL MEETING ဖြင့်ကျင်းပခြင်း

Print Friendly, PDF & Email

Masks, Personal Protective Equipment (PPE)များ ထုတ်လုပ်သည့်  လုပ်ငန်းများနှင့် စပ်လျဉ်းသည့်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ DaNa Facility ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် Masks, Personal Protective Equipement များ ထုတ်လုပ်သည့် လုပ်ငန်းရှင် များတက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတကာ စံချိန် စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီသော Masks, Personal Protective Equipmentများအား ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက် သင့်သည်များကိုဆွေးနွေးခဲ့ပါသည်။