ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား VIDEO CONFERENCING စနစ်ဖြင့် ကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၆)ခု ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ LED နှင့် Lighting accessories ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်၊ အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း တို့ဖြစ် ပါသည်။

 အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၅.၇၂၇ သန်း ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း(၆) ခုတို့မှ  ပြည်တွင်းအလုပ်အကိုင် အခွင့် အလမ်း ၃၈၇၆ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။