ပထမအကြိမ် မြန်မာ-ကိုရီးယား ကုန်သွယ်ရေး နှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကော်မရှင် အစည်းအဝေးကို VIRTUAL MEETING ဖြင့် ကျင်းပ

Print Friendly, PDF & Email

ပထမအကြိမ် မြန်မာ-ကိုရီးယား ကုန်သွယ်ရေးနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးကို Virtual Meeting ဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဉီးဆောင်၍ လုပ်ငန်းအဖွဲ့ (၄)ဖွဲ့၏ အဖွဲ့ခေါင်းဆောင် များတက်ရောက်ကြပါသည်။ ကိုရီးယားသမ္မတနိုင်ငံမှ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဝန်ကြီး H.E Mr.Sung Yun-mo ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက် ကြပါသည်။

အဆိုပါ အစည်းသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။