ပထမအကြိမ် မြန်မာ-ကိုရီးယား ကုန်သွယ်ရေး နှင့် စက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကော်မရှင် အစည်းအဝေး ကျင်ပပြုလုပ်နိုင်ရေးအတွက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့ အစည်းအဝေးအား VIRTUAL MEETING ဖြင့် ကျင်းပခြင်း

Print Friendly, PDF & Email

ပထမအကြိမ် မြန်မာ-ကိုရီးယား ကုန်သွယ်ရေး နှင့် စက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကော်မရှင် အစည်းအဝေး ကျင်ပပြုလုပ်နိုင်ရေးအတွက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့ အစည်း အဝေးကို Virtual Meeting ဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့ နေလည် ၃:၃၀ နာရီမှ ၄:၃၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ နှင့် ကိုရီးယားသမ္မတနိုင်ငံမှ Mr. Yunjong Chun, Director General of the Bureau of Trade Cooperation ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် Mr. Yunjong Chun, Director General of the Bureau of Trade Cooperation တို့မှ အသီးသီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။