
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ များ၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် စီမံ ခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နှင့် အကြံပေးများအဖြစ် နိုင်ငံခြားသား ကျွမ်းကျင်သူ များအား ခန့်ထားရန်အတွက် ပုံစံ(၁၂) ဖြင့် တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၀၆ တို့အရ စိစစ်ခွင့်ပြုပေးလျက် ရှိပါ သည်။
၂။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၀၆ တွင် နိုင်ငံခြားသား ကျွမ်းကျင်သူ ခန့်ထား ရာ၌ ရင်းနှီးမြှုပ်နှံသူသည် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဘွဲ့လက်မှတ် အထောက် အထားကို ပူးတွဲတင်ပြရန် ပြဋ္ဌာန်းထားသော်လည်း အချို့ကုမ္ပဏီများသည် ကျွမ်းကျင်မှု အထောက် အထား သို့မဟုတ် ဘွဲ့လက်မှတ်အထောက်အထားအစား ကုမ္ပဏီဒါရိုက်တာ သို့မဟုတ် မိခင် ကုမ္ပဏီ၏ လုပ်ငန်းကျွမ်းကျင်ကြောင်း ထောက်ခံချက်တို့အား ပူးတွဲ၍ တင်ပြလျှောက်ထားလျက် ရှိသည်ကို တွေ့ရပါသည်။
၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုနည်းဥပဒေ ၂၀၆ တို့နှင့်အညီ အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသား၏ ဘွဲ့လက်မှတ် မိတ္တူ (ဘာသာပြန်ရန် လိုအပ်ပါက နိုတြီမူရင်း) သို့မဟုတ် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဆောင်ရွက်မည့် လုပ်ငန်းနှင့် ကိုက်ညီသည့် သင်တန်းဆင်းလက်မှတ် တို့ကို ပူးတွဲ တင်ပြလာသည့် လျှောက်ထားလွှာများကိုသာ စိစစ်၍ စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးများ အဖြစ် ခန့်ထားခွင့် ၆ လ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အထောက်အထားများ ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသည့် နိုင်ငံခြားသားများအား ခန့်ထားခွင့်ပြုမည် မဟုတ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်