
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် International Finance Corporation (IFC)တို့ ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်အတွက် စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိSule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို အတည်ပြုလျှောက်ထားလွှာ စိစစ်ခြင်းနှင့် အတည်ပြုမိန့်ထုတ် ပေးခြင်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ညီညွတ်စေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး တစ်ပြေးညီဖြစ်စေရန်၊ လွယ်ကူရိုးရှင်း၍ ထိရောက်မှုရှိသည့် SOP တစ်ခု စံသတ်မှတ် နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲများမှ အရာထမ်းများ၊ International Finance Corporation (IFC) မှ ကိုယ်စားလှယ် များစုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် International Finance Corporation (IFC) မှ Private Sector Specialist ဖြစ်သူ ဦးသစ္စာတို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး “Current Procedure of Issuing Endorsement, Recommendation and International Practices” ခေါင်းစဉ်ဖြင့် International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူ Dr. SufianJusoh မှ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက် လာကြသူများမှ တိုင်းဒေသကြီး/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု အတည်ပြု မိန့်အတွက် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ လက်တွေ့လေ့ကျင့်ခန်းများပြု လုပ်ခဲ့ကြပြီးအလုပ်ရုံဆွေးနွေးပွဲကို ညနေ (၆:၀၀) နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

