
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း( Myanmar Investment Promotion Plan-MIPP) ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ် သည့်မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့-၁ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်တင်အေးဟန်နှင့်လုပ်ငန်းအဖွဲ့ဝင်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနခွဲများမှ အရာထမ်းများ အပါအဝင် စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။