အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၉၆ ကျော်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၄) ခုအား ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတည်ပြု

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဆန်စပါး ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဆန်စပါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ တင်ပို့ခြင်းလုပ်ငန်းနှင့် တရုတ်နိုင်ငံမှ Producing And Exporting of The Wood Pellets လုပ်ငန်းတို့ကို အတည်ပြုပေးခဲ့ပါသည်။

အထက်ပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြန်မာကျပ် (၈၀၂၁.၂၃၁) သန်းနှင့် အမေရိကန်ဒေါ်လာ (၄.၈၂၆) သန်းရှိပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၀၉၆) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။