သုံးလပတ် အစီရင်ခံစာ(ပုံစံ -၁၀) အသစ်နှင့်စပ်လျဉ်း၍အသိပေးကြေညာခြင်း

Print Friendly, PDF & Email

၁။          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ခွင့်ပြုမိန့်/ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအား လုပ်ငန်းဆောင်ရွက်ရာတွင်လွယ်ကူစေရန် ရည်ရွယ်၍ သုံးလပတ်အစီရင်ခံစာ (ပုံစံ-၁၀)အား ပြောင်းလဲပြင်ဆင်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ မတ်လအထိစမ်းသပ်ကာလ ၃လ အဖြစ် သတ်မှတ်ကာကော်မရှင်မှ စမ်းသပ် အသုံးပြုခဲ့ပြီးဖြစ်ပါသည်။

၂။       သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်များရရှိထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်း​ဥပဒေ ၁၉၇ အရမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သုံးလပတ် အစီရင်ခံစာ တင်ပြရာတွင် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ မှ စက်တင်ဘာလအထိတင်ပြမည့် သုံးလပတ် အစီရင်ခံစာမှ စတင်၍ (ပုံစံ-၁၀)အသစ်ဖြင့် ပြောင်းလဲတင်ပြရန် အသိပေးအကြောင်းကြားပါသည်။

၃။      သုံးလပတ်အစီရင်ခံစာပုံစံ-၁၀အသစ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန Website ဖြစ်သည့်www.dica.gov.mmတွင် ဖော်ပြထားပြီး(ပုံစံ-၁၀)တင်ပြခြင်းနှင့် စပ်လျဉ်း၍ တစ်စုံ တစ်ရာ ပြောင်းလဲခြင်းရှိပါကကော်မရှင်မှ အချိန်မီအသိပေးအကြောင်းကြားမည်ဖြစ်ပါသည်။

                                                                                                                                                                                                                     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်