
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

MyCOတွင် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် AR တင်ပြခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
၁။ Annual Return နောက်ဆုံးတင်ပြရမည့်ရက်ကိုကုမ္ပဏီ Profile တွင် ဖော်ပြထားပါသဖြင့် အဆိုပါရက်မတိုင်ခင်မှတ်ပုံတင်ကြေး ၅၀,၀၀၀ ကျပ် ပေးသွင်းတင်ပြရန်ဖြစ်ပါသည်။
၂။ Annual Return တင်ပြရမည့်ရက်ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်လျှင်နောက်ကျကြေး (late Fee) ၁၀၀,၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပါသည်။
၃။ AR တင်ပြရမည့်ရက်ထက် ၂၈ ရက် ကျော်လွန်ပြီးပါကဆိုင်းငံ့ (Suspended)ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှပယ်ဖျက်ပေးရန် ပုံစံ I-9D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ၁၀၀,၀၀၀ ကျပ်ထပ်မံပေးသွင်းရမည် ဖြစ်ပါသည်။
၄။ Suspended ဖြစ်ပြီး ၆ လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်(Struck Off)သွားမည်ဖြစ်ပါသည်။
၅။ Struck Off ဖြစ်ပြီးကုမ္ပဏီအမည်အား ပြန်လည် အသက်သွင်းလိုပါကကုမ္ပဏီမှ တရားရုံး ကင်းလွတ်ခွင့် အမိန့်ဖြင့်MyCOမှာ I-5ဖြင့် ပြန်လည်တင်ပြရပါမည်။
၆။ Struck Off ဖော်ပြခြင်းခံရသောကုမ္ပဏီဖြစ်ပါကတရားရုံးကင်းလွတ်ခွင့် ရရှိရန် လျှောက်ထား ရသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန်ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ ပုံရိပ်ကျန်ရှိနေမည်ဖြစ်ပါသောကြောင့် ARတင်ပြခြင်းကို အထူးဂရုပြုလိုက်နာ ဆောင်ရွက် ကြရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။