
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၌ MMM Auto Repair Vocational Training School လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားသည့် Mudon Maung Maung Co., Ltd. သို့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် သွားရောက်၍ တည်ဆောက်ရေးကာလအတွင်း လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညိှနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။