တံခူးစက်မှုလက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းခြင်း

Print Friendly, PDF & Email

နေပြည်တော်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကို ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်းတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိထားသည့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်ရှိ တံခူးစက်မှုလက်မှုလုပ်ငန်းကုမ္ပဏီ လီမိတက်၏ သစ်အချောထည်ပစ္စည်းများထုတ်လုပ်ခြင်း လုပ်ငန်းနေရာသို့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် သွားရောက်၍ မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။