ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဉက္ကဋ္ဌ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့်  ကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စိုက်ပျိုးရေးကဏ္ဍ တွင် မြန်မာနိုင်ငံသား ရင်းနှှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၉၆၅.၀၉ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့် အလမ်း (၁၁၇) ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

          အဖွဲ့ဝင်များသည် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့် အစီရင်ခံစာများ၊ ရင်းနှီးမြှုပ်နှံသူမှ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။