တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ကော်မတီ အဖွဲ့အဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်း အဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာသည့် အတည်ပြုလျှောက်ထားလွှာများကို ဆွေးနွေးခဲ့ပြီး လျှပ်စစ်လုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခုအား အတည်ပြုပေးခဲ့ပါသည်။

အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မေရိကန်ဒေါ်လာ ၇.၅၀၁၄ သန်းနှင့် မြန်မာကျပ် ငွေ ၁၁,၉၅၆.၉၆ ကျပ်သန်းဖြစ်ပြီး ဒေသခံလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇၃၀ နေရာဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။