ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (BRIC) ၏ (၃/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (BRIC)၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဌ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အထူးဖိတ်ကြား ထားသူများနှင့်  ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြပါသည်။

အစည်းအဝေး၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃) ခုမှ အတည်ပြုမိန့် လျှောက်ထား လာခြင်း၊ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ  ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့် ခြင်းနှင့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်(၃)ဦး ပြောင်းလဲ ဖွဲ့စည်းခြင်း တို့အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ  အမေရိကန်ဒေါ်လာ ၁၃.၃၂၅ သန်း စီးဝင်လာမည်ဖြစ်ကာ၊ အလုပ်အကိုင်အခွင့်အလမ်း(၁၂၀၀)ခန့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။