
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ကော်မတီမှ စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု(၁)ခုတို့ကို အတည်ပြုပေးခဲ့ပါ သည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ ဟင်းခတ် အမွှေးအကြိုင်များ သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ခါးပတ်နှင့် အိတ် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် Manufacturing of Bra Cup Underwear Mold for Local CMP Enterprise တို့ ပါဝင်ပါသည်။
အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၉.၁၇၄ သန်း နှင့် မြန်မာကျပ်ငွေ ၂၂၉၀ သန်း ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း(၄) ခုတို့မှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃၀၃၈ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။